ဒုတိယပိုင်းမှာ ဗုဒ္ဓဂယာ၌ ဖူးမြော်ကြည့်ရှု လေ့လာခဲ့ရသော နေရာများကို ပို့စ်တင်နိုင်ရန် ဓါတ်ပုံတွေ ဝေေ၀ဆာဆာဖြင့် ဖော်ပြနိုင်ရန် ကြိုးစားနေပါသော်လည်း ကော်နက်ရှင်အလွန်မကောင်းပါသောကြောင့် အဆင်မပြေနိုင် ဖြစ်နေရပါသည်။
သို့ဖြစ်ပါ၍ တင်လို့ရလိုက်သော ပုံ ၃ ပုံကို မျှဝေလိုက်ရပါတယ်ရှင်။
သို့ဖြစ်ပါ၍ တင်လို့ရလိုက်သော ပုံ ၃ ပုံကို မျှဝေလိုက်ရပါတယ်ရှင်။
ဗုဒ္ဓဂယာဘုရားမှာ ကောင်မလေးတွေရော ၊လူကြီးတွေရော ဒိုက်ထိုးသလိုမျိုးလုပ်နေတာတွေ တွေ့ရတော့ ထူးဆန်းနေမိခဲ့တယ်လေ။မြတ်စွာဘုရားကို ဒီလိုပုံစံနဲ့ ယုံကြည်ကိုးကွယ်တာကို ပထမဦးဆုံးမြင်ဘူးတာဆိုတော့ ဘယ်နိုင်ငံက လူမျိုးတွေ မြတ်စွာဘုရားကို ဒီလိုယုံကြည်ကိုးကွယ်ကြတာပါလိမ့်လို့ ဆရာတော်ကို မေးကြည့်တော့ တိဘက်လူမျိုးတွေက ဒီလိုပုံစံနဲ့ ယုံကြည် ကိုးကွယ်ကြကြောင်း သိရပါတယ်ရှင်။လက်နှစ်ဖက်မှာ လက်ကိုင်ကွင်းလေးတွေပတ်ထားကြပြီး ဒိုက်ထိုးခြင်းကို အခေါက်ခေါက်အခါခါ ပြုလုပ်နေကြတာကိုတွေ့ရပါတယ်။
No comments:
Post a Comment