Sunday, June 5, 2011

ကျွန်မနဲ့ ဗုဒ္ဓဂယာခရီးစဉ် ( ၂ )

ဒုတိယပိုင်းမှာ ဗုဒ္ဓဂယာ၌ ဖူးမြော်ကြည့်ရှု လေ့လာခဲ့ရသော နေရာများကို ပို့စ်တင်နိုင်ရန် ဓါတ်ပုံတွေ ဝေေ၀ဆာဆာဖြင့် ဖော်ပြနိုင်ရန် ကြိုးစားနေပါသော်လည်း ကော်နက်ရှင်အလွန်မကောင်းပါသောကြောင့် အဆင်မပြေနိုင် ဖြစ်နေရပါသည်။

သို့ဖြစ်ပါ၍ တင်လို့ရလိုက်သော ပုံ ၃ ပုံကို မျှဝေလိုက်ရပါတယ်ရှင်။



ဗုဒ္ဓဂယာဘုရားမှာ ကောင်မလေးတွေရော ၊လူကြီးတွေရော ဒိုက်ထိုးသလိုမျိုးလုပ်နေတာတွေ တွေ့ရတော့ ထူးဆန်းနေမိခဲ့တယ်လေ။မြတ်စွာဘုရားကို ဒီလိုပုံစံနဲ့ ယုံကြည်ကိုးကွယ်တာကို ပထမဦးဆုံးမြင်ဘူးတာဆိုတော့ ဘယ်နိုင်ငံက လူမျိုးတွေ မြတ်စွာဘုရားကို ဒီလိုယုံကြည်ကိုးကွယ်ကြတာပါလိမ့်လို့ ဆရာတော်ကို မေးကြည့်တော့ တိဘက်လူမျိုးတွေက ဒီလိုပုံစံနဲ့ ယုံကြည် ကိုးကွယ်ကြကြောင်း သိရပါတယ်ရှင်။လက်နှစ်ဖက်မှာ လက်ကိုင်ကွင်းလေးတွေပတ်ထားကြပြီး ဒိုက်ထိုးခြင်းကို အခေါက်ခေါက်အခါခါ ပြုလုပ်နေကြတာကိုတွေ့ရပါတယ်။

ပထမ ဒီလိုမတ်တပ်ရပ်ပြီး

ဒုတိယ ဒီလိုဦးခိုက်ကန်တော့ကြပါတယ်။

အဲဒီလို ဒိုက်ထိုးသလိုမျိုး မြတ်စွာဘုရားကို ယုံကြည်ကိုးကွယ်ကြခြင်းကို တစ်ခါကန်တော့ရင် သူတို့သက်စေ့ပြုလုပ်ကြတယ်လို့ သိရပါတယ်ရှင်။

မျှဝေချင်တဲ့ စိတ်နဲ့အတူ ဆားချက်လိုက်တာပါ။ :)
မိသားစုအတူ ခရီးသွားဦးမှာမို့ ပြန်လာမှပဲ ပို့စ်တွေ ဆက်ရေးပါမယ်ရှင်။


No comments:

Post a Comment